နွေစပါးစိုက်ခင်းများ အောင်ရေရရှိစေရေးအတွက် ရေဘုတ်ဆည်မှ ရေများအခမဲ့ပေးပို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွေစပါးစိုက်ခင်းများ အောင်ရေရရှိစေရေးအတွက် ရေဘုတ်ဆည်မှ ရေများအခမဲ့ပေးပို့



MNP - ဧပြီ   ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရေဘုတ်ရေလှောင်တမံဆည်ရေမှ နွေစပါး စိုက်ခင်းများအတွက် စပါးအောင်ရေရရှိစေရန်အတွက် ဆည်ရေများကို နွေစပါးစိုက်တောင်သူများ၏ လယ်ယာမြေအရောက် ဆည်ရေများကို အခမဲ့ပေးပို့ဖြန့်ဝေပေးပို့လျက်ရှိကြောင်း သိရှိရသည်။

လှိုင်းဘွဲမြို့နယ်အတွင်းရှိ နောင်သငဲ့၊ သမ္ဘာန်၊ ထီလုံ၊ သပုထိုစသည့် ကျေးရွာအုပ်စုများ၌ နွေစပါးအဖြစ် ဆင်းသုခစပါးမျိုးကို သီးထပ်စပါးအဖြင့် တောင်သူများက ရေဘုတ်ဆည်မှ စုစုပေါင်း စိုက်ဧက (၁၀၅) ဧကကျော်ကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပြီး အချို့တောင်သူများက စားဖိုဆောင် ဟင်းသီး၊ ဟင်းရွက်သီးနှံများ၊ ပဲမျိုးစုံ၊ နွေဖရဲနှင့် နှစ်ရှည်အပင်များဖြစ်ကြသည့် ကျွန်း၊ မန်ဂျန်ရှား၊ ပိုက်ဆံလျှော်၊ ဘုရားပန်း၊ အလှပန်း၊ သီးပင်၊ စားပင်ပျိုးဥယျဉ်အပင်များအတွက် ဆည်ရေကို အသုံးပြု၍ ပြုစုပျိုးထောင်စိုက်ပျိုးလုပ်ကိုင်နေလျက်ရှိကြသည်။

ရေဘုတ်ရေလှောင်တမံ တူးမြောင်းမကြီးသည် တူးမြောင်းအလျား ၃၃၀၀၀ ပေ (၆ ဒဿမ ၂၅) မိုင်ရှိပြီး အောက်ခြေအကျယ် (၅ ဒဿမ ၅) ပေ၊ ရေထုစီးနှုန်း (၇၂) ကုဗပေ/ စက္ကန့်၊ အကျိုးပြုဧရိယာ (၁၅၀၀) ဧကဖြစ်ကြောင်း၊ လှိုင်းဘွဲမြို့နယ်အတွင်း ဆည်ရေသောက်စနစ်အပြင် သဘာဝရေဝင်၊ စိမ့်စမ်းရေ၊ တောင်ကျရေနှင့် ရေဝေ၊ ရေလဲ ဧရိယာများ၌ နွေစပါးအဖြင့် စကမုရင်း၊ မုရင်း၊ သီးထပ်၊ ရေကျနောက်စိုက်စပါးများကို ဒေသတွင်းနေတောင်သူများက မိသားစု စားဝတ်နေရေးအတွက် နှစ်စဉ်စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြကြောင်း၊ လှိုင်းဘွဲမြို့နယ်အတွင်း နွေစပါး စိုက်ပျိုးရန် လျာထားချက်စာရင်းမှာ (၁၉၁၂၉) ဧကဖြစ်ပြီး၊ စိုက်ဧကမှာ (၁၉၁၈၅) ဧကရှိကြောင်း၊ နွေစပါးရိတ်သိမ်းပြီး ဧကမှာ (၁၈၇၅၆) ဧက ရှိပြီးဖြစ်ကြောင်း၊ မိုးစပါးစိုက်ပျိုးဧကမှာ (၁၂၀၇၉၃) ဧကရှိခဲ့ကြောင်း မြိုနယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၊ ဦးစီးအရာရှိ ဦးဝင်းနိုင်ဦးထံမှ သိရှိရသည်။

သတင်း - လင်းသန့် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)