အန္ဒိယအစိုးရကမြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် လှူဒါန်းသောဆန်နှင့်ဂျုံများကို သာကေတမြို့နယ်အတွင်းရှိ ပြည်သူများလက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အန္ဒိယအစိုးရကမြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် လှူဒါန်းသောဆန်နှင့်ဂျုံများကို သာကေတမြို့နယ်အတွင်းရှိ ပြည်သူများလက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေထောက်ပံ့

 


MNP - ဧပြီ   ၂၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ အန္ဒိယအစိုးရကမြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ်လှူဒါန်းသော ဆန်နှင့်ဂျုံများအား ဖြန့်ဝေရန် ကျန်ရှိသည့်သာကေတမြို့နယ်အတွင်းရှိ ပြည်သူများအား ယနေ့နံနက်(၁၀)နာရီမှစ၍ ၁/အနော်မာရပ်ကွက်၊ ၁/ထူပါရုံရပ်ကွက်၊ (၅)ရပ်ကွက်၊ ၃/ရန်ပြေရပ်ကွက်၊ ၇/အရှေ့ရပ်ကွက်၊ (၈)ရပ်ကွက်၊ ၂/တောင်ရပ်ကွက်၊ ရှု့ခင်းသာရပ်ကွက်အသီးသီးသို့ ဆက်လက်ဖြန့်ဝေ ထောက်ပံ့ခဲ့သည်။

အဆိုပါဆန်နှင့်ဂျုံများကို ဖြန့်ဝေ‌ထောက်ပံ့ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသူရိန်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဇော်ဝင်းထွန်းနှင့်ရပ်ကွက်အုပ်ချုပ်‌ရေးမှူးတို့မှ ၁/အနော်မာရပ်ကွက်ရှိ ပြည်သူများအား (၂၄) ပြည်ဆန်(၂၅၀)အိတ်(308.5KG)ဂျုံတို့ကိုလည်းကောင်း၊ ၁/ထူပါရုံရပ်ကွက်ရှိပြည်သူများအား (၂၄)ပြည် ဆန်(၂၃၂ )အိတ်နှင့် (286.288KG ) ဂျုံတို့ကိုလည်းကောင်း၊ (၅)ရပ်ကွက်ရှိ ပြည်သူများအား (၂၄)ပြည်ဆန် (၁၉၈)အိတ်နှင့်(244.322KG)ဂျုံများကိုလည်းကောင်း၊ ၃/ရန်ပြေရပ်ကွက်ရှိပြည်သူများအား (၂၄)ပြည်ဆန်(၂၃၂)အိတ်နှင့် (286.288KG)ဂျုံတို့ကိုလည်းကောင်း၊ ၇/အရှေ့ရပ်ကွက်ရှိပြည်သူများအား (၂၄) ပြည်ဆန်(၂၃၂) အိတ်နှင့် (244.322KG)ဂျုံတို့ကိုလည်းကောင်း၊ ၂/တောင်ရပ်ကွက်ရှိ ပြည်သူများအား(၂၄)ပြည်ဆန် (၂၃၂)အိတ်နှင့် (286.288KG)ဂျုံတို့ကိုလည်းကောင်း၊(၈)ရပ်ကွက်ရှိပြည်သူများ (၂၄)ပြည် ဆန်(၂၆၁)အိတ်နှင့်(322.074KG)ဂျုံတို့ကိုလည်းကောင်း၊ ရှု့ခင်းသာရပ်ကွက်ရှိ ပြည်သူများအား(၂၄)ပြည် ဆန်(၁၅၀)အိတ်နှင့်(181.1KG)ဂျုံတို့ကိုလည်းကောင်း ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေထောက်ပံ့ခဲ့သည်။

သာကေတမြို့နယ်၊ (၁၉)ရပ်ကွက်အတွင်းရှိ စာနပ်ရိက္ခာအခက်အခဲရှိသော ပြည်သူများအား ဆန်နှင့်ဂျုံတို့ကို ဖြန့်ဝေထောက်ပံ့ခြင်းဖြစ်ပြီး ဖြန့်ဝေရန်ကျန်ရှိသည့် ပြည်သူများအား ဆက်လက်ဖြန့်ဝေ ထောက်ပံ့သွားမည်ဖြစ်ကြောင်းသိရှိရသည်။

သတင်း - ဆောင်းနှင်းဖြူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)