မိတ္ထီလာမြို့တွင် အခြေခံစာရေး(ရုံးလုပ်ငန်း)သင်တန်း အမှတ်စဉ် (၁၁/၂၀၂၂)နှင့် စာတိုက်စစ်ဆေးရေးသင်တန်းအမှတ်စဉ်(၅/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့တွင် အခြေခံစာရေး(ရုံးလုပ်ငန်း)သင်တန်း အမှတ်စဉ် (၁၁/၂၀၂၂)နှင့် စာတိုက်စစ်ဆေးရေးသင်တန်းအမှတ်စဉ်(၅/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပ



MNP  - ဧပြီ   ၂၆

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် အခြေခံစာရေး(ရုံးလုပ်ငန်း)  သင်တန်းအမှတ်စဉ်(၁၁/၂၀၂၂)နှင့် စာတိုက်စစ်ဆေးရေးသင်တန်း အမှတ်စဉ် (၅/၂၀၂၂)တို့၏ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဖွင့် အမှာစကား ပြောကြားပြီး  သင်တန်းတက်ရောက်မည့်   သင်တန်းသားသင်တန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့သည်။ ၎င်း ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ဖွင့်လှစ်သည့် အခြေခံစာရေး(ရုံးလုပ်ငန်း) သင်တန်းအမှတ်စဉ်(၁၁/၂၀၂၂)ကို သင်တန်းသားသင်တန်းသူ ၃၃ ဦးတက်ရောက်၍ သင်တန်းကာလမှာ တစ်လခွဲကြာမြင့်ဖြစ်ပြီး စာတိုက်စစ်ဆေးရေးသင်တန်း အမှတ်စဉ် (၅/၂၀၂၂)ကို သင်တန်း သားသင်တန်းသူ ၁၅ ဦးတက်ရောက်၍ သင်တန်းကာလမှာ  ရက်သတ္တပတ် သုံးပတ်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

သတင်း - သိန်းမြင့်ကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)