ကလေးမြို့တွင် မြန်မာ့အမျိုးသားလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲပျံသန်းတော့မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးမြို့တွင် မြန်မာ့အမျိုးသားလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲပျံသန်းတော့မည်

 


MNP -  ဧပြီ    ၅

စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားသည့် မြန်မာ့အမျိုးသားလေကြောင်းခရီးစဉ်များကို ဧပြီလ ၈ ရက်နေ့မှစတင်၍ ပြန်လည်ပြေးဆွဲ ပျံသန်းတော့မည်ဖြစ်ကြောင်း ကလေးမြို့မြန်မာ့လေကြောင်းဦးစီးဌာန (MNA) မှ သိရသည်။

မြန်မာ့အမျိုးသား လေကြောင်းလိုင်းခရီးစဉ်များကို ဧပြီလ ၈ ရက်နေ့မှစတင်၍ အပတ်စဉ် တနင်္လာ၊ အင်္ဂါနှင့် သောကြာနေ့များတွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပျံသန်းပြေးဆွဲ သွားမည်ဖြစ်သည်။

လေယာဉ်လက်မှတ်ဈေးနှုန်းများမှာ ကလေး-ရန်ကုန်မြို့သို့ (၁၄၈၀၀၀)ကျပ်၊ ရန်ကုန်မှ ကလေးမြို့သို့ (၁၅၀၀၀၀)ကျပ်၊ ကလေးမြို့မှ မန္တလေးမြို့သို့ (၁၀၄၀၀၀)ကျပ်နှင့် မန္တလေးမြို့မှ ကလေးမြို့သို့ (၁၀၆၀၀၀) ကျပ် ကျသင့်မည်ဖြစ်ပြီး လက်မှတ်များကို မြန်မာ့အမျိုးသား လေကြောင်းရုံးနှင့် အခြား လက်မှတ်အရောင်းကိုယ်စားလှယ်များထံတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်း - မောင်ကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)