ဟိုပန်မြို့နယ်၌ အခြေခံရှမ်းစာပေကို ရပ်ကွက်/ကျေးရွာများတွင် သင်ကြားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန်မြို့နယ်၌ အခြေခံရှမ်းစာပေကို ရပ်ကွက်/ကျေးရွာများတွင် သင်ကြားပေး



MNP - ဧပြီ   ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်  ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ စီစဉ်ကြီးကြပ်၍ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များ တွင် ရှမ်းတိုင်းရင်းသား လူငယ်လူရွယ်များအား  ရှမ်းစာပေ အရေးအဖတ်တက်မြောက်စေရန်နှင့် ရှမ်းစာပေ ပြန့်ပွားမှုရှိပြီး တန်ဖိုးထား ထိန်းသိမ်းတက်ကြစေရန်တို့ကို ရည်ရွယ်၍ ဟိုပန်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ရှမ်းစာပေများ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရှမ်းစာပေများကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှ ဆရာ/ဆရာမ(၇)ဦးက သင်ကြားပေး လျက်ရှိကာ ဟိုပန်မြို့နယ်၊ နောင်မို ကျေးရွာမှ(၇၈)ဦး၊ နောင်အွန် ကျေးရွာမှ(၇၆)ဦး၊ ဟင်းနားကျေးရွာမှ(၉၁)ဦးနှင့် မော်ဟွေ့ ကျေးရွာမှ(၁၇၈)ဦး စုစုပေါင်း တိုင်းရင်းသားလူငယ်၊ လူရွယ်(၄၂၃)ဦးတို့က အတန်းလိုက်ခွဲ၍ ဧပြီလ(၂၂)ရက်မှစတင်၍ တက်ရောက်လျက်ရှိပြီး တစ်လကြာဖွင့်လှစ် သင်ကြားပေး သွားမည် ဖြစ်သည်။

၎င်းအပြင် ဟိုပန်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် မန်မိုင်ရပ်ကွက်၊  ကောင်းဟုန်းရပ်ကွက်နှင့် မိန်းပန်းရှမ်း ရပ်ကွက်တို့ တွင်လည်း မိမိအစီအစဉ်ဖြင့် အခြေခံ ရှမ်းစာပေများကို စတင်ဖွင့်လှစ်  သင်ကြားနေပြီဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။

သတင်း - ဇင်ဇင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)