နတ်တလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်တလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်

 


MNP - ဧပြီ   ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်၁၀ နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက  မိမိဒေသအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအထိ ရည်မှန်းချက် တစ်ခုချင်းအပေါ်လိုအပ်သော လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းအချိန်ဇယားများ စီမံချက်ရေးဆွဲကာ စနစ်တကျ ကြိုးပမ်းဆောင်ရွက်သွားကြရန် အမှာစကားပြောကြားသည်၊ ဆက်လက်၍ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်‌စောသန္တာမျိုးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များ၏ ကဏ္ဍများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် နတ်တလင်းမြို့နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဒေသန္တရစီမံကိန်း ရည်မှန်းချက်ပါ လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှု ကဏ္ဍကြီးနှင့် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရက်မည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းစီမံကိန်းများကို မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌက တာဝန်ရှိသူများထံ တာဝန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ဝေယံဖြိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)