မွန်ပြည်နယ် ဝန်ကြီးချုပ် မော်လမြိုင်မြို့နယ်၌ ၂၀၂၂ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပနေမှုအားကြည့်ရှု - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မွန်ပြည်နယ် ဝန်ကြီးချုပ် မော်လမြိုင်မြို့နယ်၌ ၂၀၂၂ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပနေမှုအားကြည့်ရှု

21

22

23


MNP - ဧပြီ    ၃၀

မွန်ပြည်နယ်၊‌ မော်လမြိုင်ခရိုင် အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့ ကျမ်းရင်းပါရာဇိက ကဏ္ဍပါဠိ အဠကထာ(၁) ဘာသာရပ်ကို ယနေ့ မွန်းတည့် ၁၂ နာရီက မော်လမြိုင်မြို့နယ် လှိုင်ရပ်ကွက် ပရိယတ္တိ ဓမ္မဗိမာန်တော်ကြီးအတွင်းရှိ ပြည်နယ်သံဃနာယကအဖွဲ့ရုံး၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက နမောတဿ သုံးကြိမ် ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒစရိယ မောင်ငံရပ်ကွက် ‌နတ်မှော် ကျောင်းတိုက်၏ ဦစီးပဓာန နာယက အဂ္ဂမဟာပဏ္ဌိတ ဘဒ္ဒန္တသုမန မထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဆရာတော် သံဃာတော်များက ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို နာယူကြည်ညိုခဲ့ကြသည်။

ဆက်လက်ပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ  ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြသည်။

ထိုနောက် အစိုးရဓမ္မာ စရိယစာမေးပွဲပထမနေ့တွင် မော်လမြိုင်ခရိုင်အတွင်းရှိ သံဃာ(၄၁၃)ပါး၊ သီလရှင်(၄၁)ပါး စာရင်းပေးသွင်းထားရှိပြီး သံဃာ(၃၁၇)ပါး၊ သီလရှင်(၂၀)ပါး စုစုပေါင်း(၃၃၇)ပါး ဝင်ရောက်ဖြေဆိုနေမှုအား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ကြည့်ရှုခဲ့သည်။

မော်လမြိုင်ခရိုင်အတွင်းရှိ ဓမ္မာစရိယစာမေးပွဲကို ဧပြီ၃၀ရက်မှ မေ ၇ ရက်နေ့ထိ လည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲကို မေ ၇ ရက်နေ့မှ မေ  ၁၃ ရက်ထိလည်းကောင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - ခင်စန်းမြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages