မိုင်းဆတ်မြို့၌ (၃)မွှာပူးမွေးဖွားသည့် ကလေးငယ်များအတွက် ကလေးအသုံးအဆောင်နှင့် ထောက်ပံ့ငွေလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့၌ (၃)မွှာပူးမွေးဖွားသည့် ကလေးငယ်များအတွက် ကလေးအသုံးအဆောင်နှင့် ထောက်ပံ့ငွေလှူဒါန်း





MNP - ဧပြီ   ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ (၃)မွှာပူးမွေးဖွားသည့် ကလေးငယ်များအတွက် ကလေးအသုံးအဆောင်နှင့် ထောက်ပံ့ငွေလှူဒါန်းခြင်းကို ယမန်နေ့နေ့ ညနေပိုင်းကခရိုင်နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့တာဝန်ရှိသူတို့က တပ်နယ်(၁၁/၁၀၀)ဆေးရုံတွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်ဇင်သော်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဒေါ်မိမိခိုင်နှင့် အဖွဲ့ဝင်များက ကလေးသုံးပေါင်ဒါမှုန့်၊ ဆပ်ပြာ၊ နို့မှုန့်၊ အနှီးနှင့် ထောက်ပံ့လှူဒါန်းငွေကျပ်(၁၆၀၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ (၃)မွှာပူးကလေးငယ်များကို မိုင်းပျဉ်းမြို့နယ်နှင့် မိုင်းဆတ်မြို့နယ်ကြားရှိ ပါဝကျေးရွာတွင် ဧပြီလ(၁၅)ရက်နေ့တွင်တစ်ဦး၊ (၁၆)ရက်နေ့တွင်တစ်ဦး၊ (၁၇)ရက်နေ့တွင်တစ်ဦး စုစုပေါင်း ယောကျာ်းလေး (၃)ဦးမွေးဖွားကာ မိခင်ဖြစ်သူသည် နောက်ဆုံးကလေးငယ်မွေးဖွားပြီးချိန်တွင် ကွယ်လွန်သွားခဲ့ပြီး ကလေးငယ်(၃)ဦး၏ ကျန်းမာရေးအတွက် တာဝန်ရှိသူတို့က မိုင်းဆတ်တပ်နယ် (၁၁/၁၀၀)ဆေးရုံသို့ ခေါ်ဆောင်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး ကလေးငယ် (၃)ဦးအား မိုင်းဆတ်မြို့နယ်၊ ကျဒယ်ရပ်ကွက်မှ ဦးခေးခါးနှင့် ဒေါ်နာမော်တို့ဇနီးမောင်နှံက အမွေစားအမွေခံဖြင့် မွေးစားခဲ့ကြောင်း သိရသည်။

သတင်း - မြင့်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)