ဗန်းမော်မြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်းအတွက် မျိုးစေ့ ကြဲပက်ခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်းအတွက် မျိုးစေ့ ကြဲပက်ခြင်းဆောင်ရွက်


MNP - ဧပြီ   ၂၉

တောင်သူများအား လယ်ယာမြေစိုက်ပျိုးရာတွင် မြေဆီလွှာဖွံ့ဖြိုးမှု ပြန်လည်တိုးတက် ကောင်းမွန် လာစေရန်နှင့် သီးနှံအထွက်နှုန်းတိုးတက်လာစေရန်၊ ဓာတ်မြေသြဇာများသုံးစွဲခြင်းကို လျှော့ချပြီး တစ်ဧကထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်ရန်၊ သစ်စိမ်းမြေသြဇာ ထည့်သွင်းခြင်းကို တောင်သူများ လေ့လာသိရှိသုံးစွဲတတ်လာစေရန် ရည်ရွယ်၍ ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စီဟဲကျေးရွာရှိ တောင်သူများက ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီက သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်းအတွက် မျိုးစေ့ကြဲပက်ခြင်း ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဗန်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးအောင်နှင့် ဝန်ထမ်းများ၊ စီဟဲကျေးရွာမှ တောင်သူ(၁၅)ဦးတို့က ဗန်းမော်မြို့နယ် စီဟဲကျေးရွာရှိ စီဟဲကွင်းအမှတ်(၁၈၅)၊ ဦးပိုင်အမှတ်-၁/၁၊ တောင်သူ ဦးမျိုးနိုင်၏ လယ်ယာမြေ၌ ဆောင်းသီနှံရိတ်သိမ်းပြီး မိုးစပါးမစိုက်ပျိုးမှီ မြေဆီလွှာထက်သန်လာစေရေးနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်းအတွက် မျိုးစေ့ကြဲပက်ခြင်းကို စုစုပေါင်း(၁ဝ)‌ဧက ဆောင်ရွက်ခဲ့သည်။

သစ်စိမ်းမြေသြဇာ ထည့်သွင်းခြင်းဖြင့် မြေဆီလွှာဖွဲ့စည်းပုံ ပိုမိုတိုးတက်ကောင်းမွန်လာခြင်းကို တောင်သူများ လေ့လာသိရှိနိုင်ခြင်း၊ ရေထိန်းစွမ်းအား ကောင်းမွန်လာခြင်း၊ မြေဆီလွှာတွင် လေဝင် ထွက်ကောင်းမွန်စေခြင်း၊ ရောဂါ၊ပိုးမွှားဒဏ် ကာကွယ်ပေးခြင်း၊ ပေါင်းမြက်ပေါက်ရောက်မှု လျော့နည်းသက်သာလာခြင်း၊ သစ်စိမ်းမြေသြဇာကို ထယ်ထိုးမြေမြုပ်ကာ စိုက်ပျိုးထည့်သွင်း ခြင်းဖြင့် မြေဆီလွှာအတွင်း နိုက်ထရိုဂျင်၊ ဖော့ဖရပ်၊ ပိုတက်ရှ်နှင့် သစ်ဆွေးဓာတ်များ တိုးပွား လာစေခြင်း၊ ဆွေးမြေ့မှုမြန်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

သတင်း - ကိန်းဖြူ

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)