ဘီးလင်းမြို့နယ်တွင် ပဉ္စမနေ့ (ရူပဗေဒ)ဘာသာရပ်အား ကျောင်းသား/သူ ၉၁.၆ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်တွင် ပဉ္စမနေ့ (ရူပဗေဒ)ဘာသာရပ်အား ကျောင်းသား/သူ ၉၁.၆ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို

 






MNP ၊ ဧပြီလ  ၅

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၁-၂၂ ခုနှစ်  ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲကို  မတ်လ(၃၁)ရက်နေ့မှစတင်ကာ စာစစ်ဌာန (၂) ခု၌ ဖြေဆိုလျှက်ရှိရာ ယနေ့  ဧပြီ ၅ ရက်နေ့တွင် ရူပဗေဒဘာသာရပ်အား ကျောင်းသား/သူများက အေးချမ်းစွာ ဆက်လက်ဝင်ရောက် ဖြေဆိုလျှက်ရှိကြောင်း သိရှိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ သိပ္ပံဘာသာတွဲတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၇၆၂) ဦး ရှိပြီး ပဉ္စမနေ့ ရူပဗေဒ ဘာသာရပ်အား   ဝင်ရောက်ဖြေဆိုသူ( ၆၉၈ )ဦးရှိသည့်အတွက် ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၁. ၆)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး မှသိရှိရသည်။စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ  ပူးပေါင်းအဖွဲ့များက ကျောင်းအတွင်း/အပြင်   လုံခြုံရေးများထားရှိကာ  ကူညီဆောင်ရွက် ပေးလျှက်ရှိကြောင်း သိရှိရသည်။


 ထူးနောင် (ဘီးလင်း)

Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)