သာယာဝတီမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက် မြင့်မားစေရေး ဒေသခံပြည်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက် မြင့်မားစေရေး ဒေသခံပြည်သူများနှင့်တွေ့ဆုံ




MNP - ဧပြီ    ၂၂


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏  ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ များမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက စံရွေးအုပ်စု စံရွေးကျေးရွာ ရွာလယ်ဘုရားကြီးတန်းဆောင်းသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စိုက်ပျိုးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျန်းမာရေး၊ သမဝါယမဦးစီးဌာနတို့မှ တာဝန် ရှိသူများက ဒေသခံတောင်သူများနှင့်တွေဆုံ၍ တောင်သူများအနေဖြင့် နွေစပါးလျာထားချက်ကို ပြည့်မီကျော်လွန်အောင် စိုက်ပျိုးရေး၊ ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက် သီးနှံနေကြာစိုက်ပျိုးရေး မြေနမူနာစစ်ဆေးခြင်း သဘာဝမြေဩဇာသုံးစွဲရေး၊ မိသာစုဝင်ငွေ တိုးတက်မည့် မွေးမြူရေးစနစ်ဆောင်ရွက်ရေး၊ ပြုပြင်ပြီးလက်တွန်းထွန်စက် အသုံးပြုရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေးတို့ကို  သက်ဆိုင်ရာ ကဏ္ဍအလိုက် အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။


ယင်းနောက် ဒေသခံတောင်သူများမှ သိရှိလိုသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  ဆွေးနွေးမေးမြန်းရာ မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - သန့်ဇော်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)