ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လှာကမြင်မြို့သစ် ပန်းခြံအဆင့်မြင့်တင်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လှာကမြင်မြို့သစ် ပန်းခြံအဆင့်မြင့်တင်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး



MNP - ဧပြီ   ၂၇

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့နယ်၊ မဲဘောင်-နောင်ပလိန် ကားလမ်းမကြီးဘေးရှိ လှာကမြင်မြို့သစ် ပန်းခြံအဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ကရင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့် အင်ဂျင်နီယာမှူးကြီးဦးစိုးလွင်တို့က မြေဧရိယာ ၅ ဒသမ ၁၀ ဧကပေါ်တွင် လှာကမြင် မြို့သစ်ပန်းခြံ အဆင့်မြှင့်တင်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။

အဆိုပါ ပန်းခြံအဆင့်မြင့်တင်ခြင်းလုပ်ငန်းတွင် ၁၀ ပေအကျယ် လူသွားလျှောက်လမ်းများ ၄၆၃၇ ပေ၊ ၆ ပေအကျယ် လျှောက်လမ်းများ ၁၇၄၀ ပေ၊ ရေပန်း ၂ ခု၊ ရေကန် ၂ ခု၊ ရေတံခွန် ၁ ခု၊ ဂုံးတံတား ၁ ခု၊ နားနေဆောင်ငယ် ၅ ခု၊ ပစ္စည်း ၁၀ မျိုးပါ ကလေးကစားကွင်းတစ်ကွင်း၊ ပန်းအလှပင် ၁၅၀၀၀ ပင်ခန့်၊ မြက်ခင်းပြင် ၆၉၃၀၉ စတုရန်းပေ၊ ၄ ခန်းတွဲ အများသုံးသန့်စင်ခန်း ၂ လုံး၊ အလိုအလျောက်ရေဖြန်းစနစ်နှင့် မီးအလှဆင်ခြင်းလုပ်ငန်းများ ပါဝင်ပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  မြေယာပြင်ဆင်ခြင်းလုပ်ငန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြ သည်။

သတင်း - စောမျိုးမင်းသိန်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)