ငပလီမြို့၌ အမှိုက်ကင်းစင်စေရေးအတွက် ဌာနဆိုင်ရာများ နှင့် ပရဟိတအဖွဲ့များပူးပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပလီမြို့၌ အမှိုက်ကင်းစင်စေရေးအတွက် ဌာနဆိုင်ရာများ နှင့် ပရဟိတအဖွဲ့များပူးပေါင်းဆောင်ရွက်










MNP ၊ ဧပြီ ၃၀   

ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ငပလီမြို့တွင်းလမ်းမကြီးတစ်လျောက်နှင့်ငပလီကမ်း ခြေPublic Areaများ၊ ကမ်းခြေတစ်လျှောက်နေရာများ နှင့် လေယာဉ်ကွင်းလမ်းမတစ်လျောက်နေရာများတွင်အမှိုက္များအားဌာနဆိုင်ရာများနှင့်ပရဟိတအဖွဲ့များက စုပေါင်းသန့်ရှင်းရေးအမှိုက်ကောက်ခြင်းကို ယနေ့ နံနက် ၇နာရီက စတင်ကာ ပြုလုပ်ဆောင် ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင်သံတွဲခရိုင်၊ ငပလီမြို့စီမံအုပ်ချုပ်ရေးအဖွဲ့  မြို့အုပ်ချုပ်ရေးမှူး  ဦနိုင်လင်း ဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအဖွဲ့တို့ ပူးပေါင်း၍ ငပလီကမ်းခြေသာယာလှပရေး၊ အများပြည်သူများစိတ်လက်အပန်ဖြေစရာနေရာများ ပိုမိုတိုးပွားလာရေးရန်နှင့် မြို့တွင်းသာယာလှပစေရေး ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။        

အဆိုပါစုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို အပတ်စဉ်စနေ နေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူးထံမှသိရသည်။


သတင်း - သန်းနု( ငပလီ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)