MNP - ဧပြီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
ဆက်လက်၍ မင်းကင်းမြို့အတွင်းရှိ အဓိကကျသော လမ်းဆုံ ၃ နေရာခွဲကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းမရှိသေးသူများကို မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ထိုးနှံကြရန် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူများကို Mask များ ဖြန့်ဝေပေးခဲ့ကြပြီး အိမ်အပြင် ထွက်တိုင်း ကာကွယ်ဆေးထိုးနှံပြီးကြောင်း အထောက်အထားနှင့် နိုင်ငံသားစိစစ်ရေးကတ် ယူဆောင်လာကြရန် ယူဆောင်ခြင်းမရှိဘဲ သွားလာပါက ဒေသန္တရအမိန့်အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်း - လှငွေ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment