ကျိုက်လတ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နွေစပါးစံပြကွက် ရိတ်သိမ်းပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်လတ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နွေစပါးစံပြကွက် ရိတ်သိမ်းပွဲတက်ရောက်

 




MNP - ဧပြီ   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက နွေစပါး စံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီခန့်က ဆူးကနန်းကျေးရွာအုပ်စု၊ ဂွေးချောင်းလေးကျေးရွာ၊ တောင်သူ ဦးတင်နွယ်ဦး၏ ကွင်း ၁၃၀ ၊ ဦးပိုင်အမှတ် ၁၅/၁၅ လယ်မြေတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုး၊ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လှိုင်၊ လယ်/စီ/အင်းဦးစီးဌာနမှ ဒုတိုင်းဦးစီးဌာနမှူး ဦးစိုးမြင့်နိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်အေးအေးခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် လယ်/စီ/အင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု (၉)အုပ်စုမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါလယ်မြေတွင် သီးထပ်ရင် နွေစပါးစံပြကွက် စိုက်ခင်းအား ရိတ်သိမ်းခဲ့ရာ၌ အခြောက်အထွက်တင်း ၁၀၇.၁၀ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။ 

သတင်း - ရီရီမြင့်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)