အမ်းမြို့နယ်၌ ဌာနဆိုင်ရာများ ရပ်/ ကျေးအုပ်ချုပ် ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ဌာနဆိုင်ရာများ ရပ်/ ကျေးအုပ်ချုပ် ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်






       

MNP ၊ မတ် ၃၁

ရခိုင်ပြည်နယ် ၊ ကျောက်ဖြူခရိုင် ၊ အမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအးဝေးခန်းမ၌ ယမန်နေ့လည်(၁)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့်အဖွဲ့ဝင်များမြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများနှင့် လုပ်ငန်းညှှိနှိုင်းအ စည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရသည်။

 အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်က၂၀၂၃ ခုှနှစ်အ တွင်းကျင်းပရန်စီစဉ်ထားသည့် အထွေထွေ ရွေ းကောက်ပွဲ၌ မဲစာရင်းများမှန်ကန်စေရေအတွက် မြေပြင်လူဦးရေစာရင်းများအချိန်မှီကောက်ခံပေး ၍ ကျေးဇူးတင်ပါကြောင်း အမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ဆေးအားရာနှုံန်းပြည့်ထိုးနှံနိုင် ရေးအတွက် ပြည်သူများအားတိုက်တွန်းပေးရန်လိုအပ်ပါကြောင်း ရပ်ကွက်ကျေးရွာများအတွင်း လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားအလတ် စားလုပ်ငန်းများပြုလုပ်လိုပါက ထောက်ပံ့ဆောင်ရွက်ပေးရန်အသင့်ရှိပါကြောင်း ပြောကြားကာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းက ယခုအခါ ပြည်သူများနိုင်ငံသားစီစစ်ရေးကတ်ပြားများကို ပန်းခင်းစီမံချက်ဖြင့်ရပ်ကွက်ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းပေးကြပါရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး အမ်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မှရခိုင်ပြည်နယ် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှပေးပို့သော ဂုဏ်ပြုမှတ်တမ်းလွှာများအား ကိုဗစ်ကာလအတွင်း စေတနာ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသောအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းတင် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)