မောင်တောမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ နှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ နှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေးပြုလုပ်












MNP ၊ ဧပြီ   ၃၀

ရခိုင်ပြည်နယ် မောင်တောမြို့၌  မြို့အင်္ဂါရပ် နှင့်အညီ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပမှု ရှိစေရေး အတွက်  ရှေ့တန်း အမှတ်(၁၅)စစ်ဆင်ရေး ကွပ်ကဲမှူး ဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲ ရေး မှူး မှ ဦးဆောင်၍ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင်ရာများ နှင့် ပြည်သူများက ကညင်တန်းရပ်ကွက် ၊  ပြည်သူ့ဆေးရုံကြီး အတွင်း/အပြင်  နှင့် ရပ်ကွက်များတွင် ယနေ့ နံနက် ၇ နာရီအချိန်က  စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြရာ  ရှေ့တန်းအမှတ်(၁၅)စစ်ဆင်ရေး ကွပ်ကဲမှူး ဌာနချုပ်မှ စစ်ဆင်ရေး ကွပ်ကဲ ရေး မှူး ဗိုလ်မှူးချုပ် ကျော်ထင်  ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်း နှင့် တာဝန် ရှိသူ များ က  လှည့်ပတ်ကြည့်ရှုခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုင်အေး၊  မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကံထွန်း အောင် ၊  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးတင်ဝင်းထွဋ် ၊ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ ၊  မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ တပ်မတော်သားများ ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ၊ ပြည်သူ များ  အင်အား  ၃၅၀ ခန့်က စုပေါင်းကာ အဖွဲ့များ ခွဲ၍  ပြည်သူဆေးရုံ ၊ မြို့မအားကစားကွင်းအနီး ပတ်ဝန်းကျင် ၊ အိုးအိမ်ဝန်ထမ်းအိမ်ရာ အနီး ပတ်ဝန်းကျင် နှင့် ရပ်ကွက်များအတွင်း စုရပ်များခွဲ၍ မြက်ပင် ၊ ပေါင်ပင်၊ ၊ ချုံနွယ်များ အား သန့်ရှင်း သာယာလှပစေရေး အတွက် ခုတ်ထွင်ရှင်း လင်းပြီး ရေမြောင်း အတွင်းရှိ အမှိုက်သရိုက်များကိုလည်း ဆယ်ယူခြင်း ၊ တံမြက်စည်းလှဲခြင်း စသည့်တို့ကို စုပေါင်း သန့်ရှင်း ရေး ပြုလုပ် ခဲ့ကြပြီး စည်ပင်သာယာရေး အဖွဲ့က အမှိုက်သိမ်း ကားဖြင့်  သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  


သတင်း - သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)