မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး



MNP -  ဧပြီ ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် အခြေခံအားဖြင့် မဲပေးမည့်စာရင်းဇယားများ တိကျမှန်ကန်ပြီး ဆန္ဒမဲပေးပိုင်ခွင့် တစ်ဦးချင်းစီတိုင်း နိုင်ငံသားစီစစ်ရေးကတ် ရှိ ၊ မရှိ  လဝက ပုံစံ  ၆၆/ ၆ စိစစ် ဆောင်ရွက်နိုင်ရေး ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေး ဆိုင်ရာများကို ပြုစုဆောင်ရွက် လျက်ရှိရာ   မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည်  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းဆိုင်ရာ ဆောင်ရွက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်က အခြေခံမဲစာရင်းပြုစုခြင်းကို ၂၀၂၂ ခုနှစ် ဧပြီလအတွင်း အပြီး ဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။ မွန်ပြည်နယ်တွင် ပန်းခင်း စီမံချက်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိရာ၊ မော်လမြိုင် မြို့နယ်တွင်  မဲပေးမည့် စာရင်းဇယား တိကျမှန်ကန်စေရေး ဌာနဆိုင်ရာအဖွဲ့ (၁၄) ဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အခြား မြို့နယ်များတွင်လည်း သက်ဆိုင်ရာဌာနဆိုင်ရာ များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ခင်စန်းမြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)