ပွင့်ဖြူမြို့နယ်၌ စားသုံးဆီဖူလုံစေရေးအတွက် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေနှမ်းဧက ငါးသောင်းကျော် စိုက်ပျိုးဆောင်ရွက်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ စားသုံးဆီဖူလုံစေရေးအတွက် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေနှမ်းဧက ငါးသောင်းကျော် စိုက်ပျိုးဆောင်ရွက်ထားရှိ



MNP - ဧပြီ   ၂၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသတွင်းစားသုံးဆီ ဖူလုံစေရေးအတွက် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေနှမ်းဧက ငါးသောင်းကျော် စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရ သည်။

ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသခံတောင်သူများက အစိုးရ ဆည်ရေ၊ လျှပ်စစ်ရေတင်စနစ်နှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာ အသုံးချပြီး နွေ၊ မိုး၊ ဆောင်းရာသီမပြတ် မြေပဲ၊ နှမ်း၊ နေကြာသီးနှံတို့ကို အားထား စိုက်ပျိုးကြကြောင်း သိရသည်။ ထိုသို့ သီးနှံများ စိုက်ပျိုးရာ၌ ဒေသခံတောင်သူများ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန် အခြေခံစိုက်ပျိုးရေးနည်းစနစ်များနှင့် မျိုးကောင်းမျိုးသန့် ရွေးချယ ်စိုက်ပျိုးနိုင်ရေး၊ သွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာ သုံးစွဲတတ်စေ ရေးအတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နယ်မြေအလိုက် တာဝန်ခံကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ လိုအပ်သည်များကို ပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  

ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးအတွက် ဆီထွက် သီးနှံဖြစ်သည့် နွေနှမ်း စိုက်ပျိုးခြင်းကို အစိုးရဆည်ရေစနစ်ဖြင့် ၄၄၁၃၁ ဧက၊ လျှပ်စစ် ရေတင်စနစ်ဖြင့် ၈၀၈ ဧက၊ ရေစုပ်စက်ဖြင့် ၆၅၅၆ ဧက၊ မြေအောက်ရေဖြင့် ၂၅၀၂ ဧက၊ စုစုပေါင်း နွေနှမ်းဧက ၅၃၉၉၇ ဧက စိုက်ပျိုးထားရှိကြောင်းနှင့် စိုက်ပျိုးသည့် နှမ်းမျိုးမှာ စမုံနက်၊ သိပ္ပံနှမ်းနက် ၊ ဆင်းရတနာ - ၄ နှမ်းမျိုးများ ဖြစ်ကြောင်း  သိရသည်။  

သတင်း - လှိုင်ဝင်းလေး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)