ဘိုင်ဒန်က ယူကရိန်းအား ကူညီရန် အမေရိကန်လွှတ်တော်သို့ ဖြည့်စွက်ရန်ပုံငွေ ဒေါ်လာ ၃၃ ဘီလီယံ တောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုင်ဒန်က ယူကရိန်းအား ကူညီရန် အမေရိကန်လွှတ်တော်သို့ ဖြည့်စွက်ရန်ပုံငွေ ဒေါ်လာ ၃၃ ဘီလီယံ တောင်းဆို


ဝါရှင်တန်၊ ဧပြီ ၂၉ 

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် ယူကရိန်းနိုင်ငံသို့ ကာကွယ်ရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် ဧပြီ၂၈ ရက်တွင် လွှတ်တော်သို့ “၂၀၂၂ ဘဏ္ဍာနှစ် အရေးပေါ်ဖြည့်စွက်ရန်ပုံငွေ” အဖြစ် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံကို အတည်ပြုပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ဘိုင်ဒန်က အိမ်ဖြူတော်၌ မိန့်ခွန်းပြောကြားရာတွင် လွှတ်တော်အနေဖြင့် ယင်းရန်ပုံငွေကို အမြန်ဆုံးအတည်ပြုပေးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် ဘိုင်ဒန်က ရုရှားအာဏာပိုင်များ၏ ပိုင်ဆိုင်မှု သိမ်းယူနိုင်စွမ်းကို တိုးမြှင့်နိုင်သည့် ဥပဒေတစ်ရပ်သတ်မှတ်ရန် လွှတ်တော်သို့ အဆိုပြုသွားမည်ဖြစ်ကြောင်းနှင့် ယင်းသိမ်းယူရောင်းချရသည့် ရန်ပုံငွေများဖြင့် ယူကရိန်းအားထောက်ပံ့မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

အိမ်ဖြူတော်မှ ထုတ်ပြန်ချက်အရ “၂၀၂၂ ဘဏ္ဍာနှစ်အရေးပေါ်ဖြည့်စွက်ရန်ပုံငွေ”ထဲမှ ဒေါ်လာ ၂၀.၄ ဘီလီယံကို ယူကရိန်းအား စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အကူအညီပေးပို့ရန်နှင့် ဥရောပတိုက်လုံခြုံရေးအားကောင်းစေရန်အတွက် အမေရိကန်နှင့် နေတိုးမဟာမိတ်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို ထောက်ပံ့ရန်၊ ထို့ပြင် ယူကရိန်းအစိုးရမှ အကျပ်အတည်းကိုင်တွယ်ရန်နှင့် အခြေခံ ဝန်ဆောင်မှုများအတွက် ဒေါ်လာ ၈.၅ ဘီလီယံ ထောက်ပံ့ရန်နှင့် ဒေါ်လာ ၃ ဘီလီယံကို ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနှင့် ယူကရိန်းအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် အသုံးပြုမည်ဖြစ်ကြောင်း၊ အမေရိကန်ပြည်တွင်း စားသောက်ကုန်ထုတ်လုပ်မှုနှင့် လယ်သမားများ စားသောက်ကုန်စိုက်ပျိုးရာတွင် ဖြစ်ပေါ်လေ့ရှိသော အရှုံးနှင့် စာသုံးသူများ၏ကုန်ကျစရိတ်လျှော့ချရန် ထောက်ပံ့ငွေ ဒေါ်လာသန်း ၅၀၀ နှင့် အခြားရန်ပုံငွေကိုမူ ဘိုင်ဒန်အစိုးရ၏ “ကာကွယ်ရေးထုတ်ကုန်ဥပဒေ”အရ ကာကွယ်ရေးကိရိယာနှင့် မော်တော်ကားများ တိုးချဲ့ထုတ်လုပ်ရန်လိုအပ်သော ကုန်ကြမ်းများအတွက် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ 


Ref : ဆင်ဟွာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)