MNP - ဧပြီ ၂၆
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ဆင်ပေါင်ဝဲမြို့သို့ရောက်ရှိ၍ ဆင်ပေါင်ဝဲမြို့၊မြို့အဝင်ရှိ တည်ထားကိုးကွယ်တော်မူသော ဘုရားငါးဆူစေတီတော်မြတ်ကြီးအား ဝင်ရောက်ဖူးမျှော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ခဲ့ပြီး ဂေါပကအဖွဲ့ထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် အဖွဲ့ဝင်များသည် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်ကျေးရွာအုပ်စုစာရေးဝန်ထမ်းများနှင့် တွေ့ဆုံပြီး လိုအပ်သည် များကို မှာကြားခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီးမိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စိုးပပသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ထွေ/အုပ်ဝန်ထမ်းမိသားစုမှ မိခင်မွေးကင်းစကလေးငယ်နှင့် ကျန်းမာရေး ချို့တဲ့သော ဝန်ထမ်းတို့အား ပစ္စည်းနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
သတင်း - နိုင်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment