သထုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်



MNP ၊ ဧပြီ ၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတို့ ယမန်နေ့ မွန်းလွဲပိုင်းက မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ တွေ့ဆုံကာ ဒေသတွင်းလုံခြုံရေး၊ ဖွံ့ဖြိုးရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးတို့အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်က မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲများ ပြုလုပ်လျှက်ရှိသည့် စာစစ်ဌာန သုံးခုတို့၌ ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ကြပ်မတ်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာများ၊ အကြမ်းဖက်ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်‌ရမည့်ကိစ္စရပ်များ၊ မြို့နယ်အတွင်းရှိသဘာဝဓါတ်‌ငွေ့ပိုက်လိုင်းများ၊ မီးရထားလမ်း၊ အမြန်လမ်း၊တံတားများ၊ တာဝါတိုင်များအကြမ်းဖက်ဖျက်ဆီးခံရမှုမရှိ‌‌စေရန်လုံခြုံရေးဆောင်ရွက်မည့်အစီအမံများ၊ စိုက်ပျိုးစရိတ်ချေးငွေများအား တောင်သူများမှအမြန်ပြန်လည်ပေးဆပ်စေရေးတွန်းအားပေးဆောင်ရွက်ရေးနှင့် မြင်းကောင်ရေ (၂၅)ကောင်အောက် စက်တပ်ရေယာဉ်များ မှတ်ပုံတင်လိုင်စင်လျောက်‌ထားရေးကိစ္စရပ်များ၊ ဒေသတွင်းစားသုံးဆီဖူလုံမှုရာခိုင်နှုန်းတိုးတက်စေရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နေကြာစိုက်ဧကများ မြင့်မားလာ‌အောင် တောင်သူများအား တွန်းအားပေးကူညီဆောင်ရွက်နိုင်ရေး စသည်တို့ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူတို့က ရပ်ကွက်နှင့် ကျေးရွာအလိုက် ဆောင်ရွက်နေသည့်အခြေအနေများ၊ အခက်အခဲများတို့ကို တင်ပြဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သထုံမြိုနယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၅၄) စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)