မိတ္ထီလာမြို့နယ် အောင်းကန်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ သတ္တမအကြိမ် ထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ် အောင်းကန်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ သတ္တမအကြိမ် ထုတ်ချေး



MNP - ဧပြီ   ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အောင်းကန်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ သတ္တမအကြိမ် ထုတ်ချေးခြင်းကို ယမန်နေ့နံနက်က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတွင် ထုတ်ချေးပေးအပ်ခဲ့ကြောင်း   သိရသည်။

မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် မြစိမ်းရောင် ကျေးရွာစီမံကိန်းဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား စီးပွားဖြစ် ဆောင်ရွက်လာနိုင်စေရန် ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၃၀၀ ကို မတည်ထုတ်ချေးပြီး  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက် လျက်ရှိသော  အောင်းကန် ကျေးရွာတွင် သတ္တမအကြိမ်မြောက်အဖြစ် မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေ ကျပ် ၄၇၄ သိန်းကို  ကျေးရွာအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၇၆ ဦးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၅ ဦးတို့အား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်နှင့် ဝန်ထမ်းများက ကြီးကြပ်ပြီး မြစိမ်းရောင်ကျေးရွာ ကော်မတီဝင်များက ထုတ်ချေး ပေးအပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင်    မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ ၅၅ ရွာကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သတင်း - သိန်းမြင့်ကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)