တောင်ကြီးမြို့၌ အသံမစဲပဋ္ဌာန်းသိမ်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့၌ အသံမစဲပဋ္ဌာန်းသိမ်းပွဲ ကျင်းပ




MNP - ဧပြီ  ၂၂

အခမ်းအနားတွင်ဆရာတော် သံဃာတော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းအမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင်လှစ်ပြီး တောင်ကြီးမြို့ ရှမ်းပြည်နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ သိမ်တောင်ကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ) ဘဒ္ဒန္တတေဇဝန္တထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်မြတ်များက မေတ္တာသုတ် ပရိတ်တရားတော် ရွတ်ပွားချီးမြှင့်ပေးကြသည်။   

ဆက်လက်၍ တောင်ကြီးမြို့ ရှမ်းပြည်နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ သိမ်တောင်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်(အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)ဘဒ္ဒန္တတေဇဝန္တထံမှ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း အောင်မြင်မှုအတွက် ဝမ်းမြောက်ဖွယ်ရာ အနုမောဒနာအောင်ဂါထာရွတ်ဖတ်ပူဇော်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းနှင့် နဝကမအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြပြီး ရှမ်းပြည်နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ သိမ်တောင်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)ဘဒ္ဒန္တတေဇဝန္တထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ ဆရာတော်မှ ဘဒ္ဒန္တမာဏဝက ပဋ္ဌာန်းတရားနာကြားပြီးသည့်အတွက် နတ်၊ ဗြဟ္မာများအား ပြန်ပို့ကာအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အသံမစဲပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်စွာပြီးဆုံးကြောင်းနှင့် ဆရာတော်သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရှိရသည်။

သတင်း - မောင်မောင်သန်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)