စစ်ကိုင်းခရိုင် ပြန်/ဆက် ဦးစီးဌာနတွင် အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းခရိုင် ပြန်/ဆက် ဦးစီးဌာနတွင် အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်



MNP - ဧပြီ   ၂၅

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စစ်ကိုင်းတောင်ရိုးရှိ အောင်မြဦး ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတို့ပူးပေါင်း၍ အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက ကျောင်းသား/ကျောင်းသူလူငယ်များ  နွေရာသီကျောင်းပိတ်ရက်မှာ အသိပညာ/ အတက်ပညာ အခြေခံများရရှိစေရန် အခြေခံ ကွန်ပျူတာသင်တန်းကို အခမဲ့ဖွင့်လှစ် ပေးခြင်းဖြစ်ကြောင်း၊ အခမဲ့ဆိုပေမဲ့ တန်ဖိုးထား/အလေးထား သင်ကြားသွားကြစေလိုပြီး သင်တန်းဆင်းပါကလည်း ဆက်လက်လေ့လာ အသုံးချသွားကြပါလို့ ပြောကြားလိုကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိနိုင်စေရန် သင်တန်းများဖွင်လှစ်ခြင်း၊ စာအုပ်များငှားရမ်းခြင်း၊ ပြပွဲ/ပြိုင်ပွဲများ ကျင်းပခြင်း၊ Talk Show များ ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

သတင်း - ဇော်မြင့်နိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)