အုတ်တွင်းမြို့နယ်၌ လူသုံးကုန်ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသားနှင့် အလေးချိန် ပါဝင်မှုမှန်ကန်ခြင်းရှိမရှိ လိုက်လံကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ လူသုံးကုန်ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသားနှင့် အလေးချိန် ပါဝင်မှုမှန်ကန်ခြင်းရှိမရှိ လိုက်လံကွင်းဆင်းစစ်ဆေး



MNP - ဧပြီ   ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ စားသုံးသူရေးရာ ဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက မြို့မဈေးကြီးရှိ ကုန်စုံဆိုင်များတွင် အခြေခံလူသုံးကုန်ပစ္စည်းဖြစ်သော PARIS ဆပ်ပြာမွှေးတွင် ကုန်ညွှန်းအမှတ်အသားနှင့် အလေးချိန် ပါဝင်မှုမှန်ကန်ခြင်း ရှိ/မရှိကိုလိုက်လံ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကုန်ညွှန်းအမှတ်အသားနှင့် အလေးချိန်ပါဝင်မှုမှန်ကန်ခြင်းရှိ မရှိလိုက်လံကွင်းဆင်း စစ်ဆေးရာတွင်မြို့နယ် အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစစ်ဆေးဆောင်ရွက်လျက်ရှိပြီး၊ ကုန်အညွှန်းအမှတ်အသားနှင့် အလေးချိန် ပါဝင်မှုမှန်ကန်ခြင်းရှိမရှိ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီ မှုမရှိပဲရောင်းချမှုများ စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်းအသိပညာပေး ပြောကြားခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူးဒေါ်အေးအေးခိုင် ထံမှသိရသည်။

သတင်း - ခင်ခင်မာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)