ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ငပလီကမ်းခြေရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ငပလီကမ်းခြေရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ






MNP ၊  ဧပြီ ၂၂

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွါးရေးရာဝန်ကြီးဦးစံရွှေမောင်နှင့်ငပလီကမ်းခြေရှိ ဟိုတယ် လုပ်ငန်းရှင်များ၊ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနား၌ ပြည်နယ်စီးပွါးရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် သံတွဲမြို့ ငပလီကမ်းခြေဒေသသို့ ခရီးသွားလာမှုများပြားလာသည့်အတွက် ဝမ်းသာကျေနပ်မှုရှိပါကြောင်း၊ ကမ်းခြေ ဒေသသာယာလှပရေးနှင့်ဟိုတယ်လုပ်ငန်းများဝန်ဆောင်မှုမြင့်မားလာစေရေးအတွက်ကြိုးစားဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ ရှိပါက ဆွေးနွေးတင်ပြနိုင်ကြောင်း ပြောကြား ခဲ့သည်။

၎င်းနောက်ငပလီကမ်းဒေသရှိ ဟိုတယ်လုပ်ငန်းရှင် ဒေါ်ဥမ္မာခင်၊ ဦးတင်နိုင်ထွန်းနှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးလှဟန်တို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ကမ်းခြေသာယာ လှပရေးအတွက်ဆောင်ရွက်နေမှုအခြေအနေများနှင့်လုပ်ငန်းဆောာင်ရွက်ရာတွင်ကြုံတွေ့ရသည် အခက်အခဲ များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ 

အဆိုပါအခမ်းအနားသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ ဝင်များ ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန် နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ငပလီကမ်းခြေဒေသရှိ ဟိုတယ်လုပ်ငန်းရှင်များ တက်ရောက်ကြကြောင်းသိရှိရသည်။


သတင်း - သန့်ဇင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)