တပ်ကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒစာဘာသာရပ်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒစာဘာသာရပ်ဖြေဆို



MNP - ဧပြီ    ၅

၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒစာဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၉) ခုတွင် ယနေ့နံနက် (၉) နာရီပိုင်းက ကျောင်းသား/ကျောင်းသူများ ဖြေဆိုခဲ့ကြသည်။

ယနေ့ဖြေဆိုလျက်ရှိသော ၂၀၂၂ -ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒစာ ဘာသာရပ်ကို တပ်ကုန်းမြို့နယ်အတွင်းရှိ အထက-(၁)စာစစ်ဌာန၊ အထက-(၂) စာစစ်ဌာန၊ အထက(ခွဲ)-ဗိုလ်မင်းရောင် စာစစ်ဌာန၊ အထက-ကပစ(၁)စာစစ်ဌာန၊ အထက- MRTV စာစစ်ဌာန၊ အထက-ညောင်လွန့် စာစစ်ဌာန၊ အထက- ရွှေမြို့စာစစ်ဌာန၊ အထက-မကျီးပင် စာစစ်ဌာန၊ အထက- တောင်ပို့သာ စာစစ်ဌာနပေါင်း(၉)ခုဖြင့် ကျင်းပရာ ကျောင်းသား (၈၅၁)ဦး၊ ကျောင်းသူ (၁၂၄၁) စုစုပေါင်း (၂၀၉၂)ဦးတို့ ဝင်ရောက်ဖြေဆိုကာ ပျက်ကွက်ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၂၅)ဦးရှိပြီး၊ ရာခိုင်နှုန်းအနေဖြင့် ၉၄ ဒသမ ၃၆ ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

တပ်ကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာ စာစစ်ဌာနများ၌ ဆရာ၊ ဆရာမ များ၊ မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက် ရှိကြောင်း သိရသည်။

သတင်း - တင်စိုးလွင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)