မေတ္တာမြို့၌ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဆဌမနေ့ကို ကျောင်းသား / ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဝင်ရောက်ဖြေ ဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မေတ္တာမြို့၌ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဆဌမနေ့ကို ကျောင်းသား / ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဝင်ရောက်ဖြေ ဆိုလျက်ရှိ



MNP ၊ ဧပြီ    ၆          

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဆဌမနေ့ကို ဧပြီလ (၆)ရက်နေ့ နံနက် (၉)နာရီ အချိန်မှ စတင်၍ အတွဲ (၁)ဘောဂဗေဒဘာသာရပ်ကို ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြင့် ဆက်လက်ဝင်ရောက် ဖြေဆိုလျက်ရှိသည်။ 

           

ယနေ့ဖြေဆိုမည့် အတွဲ (၁) ဘောဂဗေဒဘာသာရပ်အား မေတ္တာမြို့အတွင်းရှိ စာစစ်ဌာနတစ်ခုတည်းတွင် အသီးသီးဖြေဆိုကြမည်ဖြစ်ပြီး (အ-ထ-က) မေတ္တာကျောင်းမှ ကျောင်းတွင်း ဖြေဆိုမည့်သူ (၁၉)ဦး ရှိပြီး  ကျား(၆) ဦး ၊ မ (၁၃)ဦး ၊ အပြင် ဖြေဆိုမည့်သူ မ(၁)ဦး ၊   စုစုပေါင်းဖြေဆိုသူ(၂၀) ဦး  ရှိပြီး ဟိန္ဒား ( အ-ထ-က) ကျောင်းမှ ကျောင်းတွင်း ဖြေဆိုမည့်သူ ( ၈)ဦး ရှိပြီး ကျား (၄)ဦး ၊ မ(၄) ဦး ၊ အပြင်ဖြေဆိုသူ ကျား (၁)ဦး ၊ မ (၂)ဦး ၊ စုစုပေါင်းဖြေဆိုသူ (၁၁) ဦးရှိပြီး  (၂) ကျောင်းပေါင်းမှာ (၃၁) ဦး ဖြေဆိုကြမည်ဖြစ်ရာ ပျက်ကွက်မရှိ ၁၀၀% အပြည့်ဖြေဆိုလျှက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ထံမှသိရသည်။

 

အဆိုပါစာမေးပွဲဖြေဆိုရာတွင် မေတ္တာမြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်း၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် အပြင်စည်း တာဝန်ကို မြို့အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲစခန်းမှ ရဲတပ်ဖွဲ့များ၊ နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ/ ရပ်မိရပ်ဖများ၊  ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။


သတင်း - အေးအေးချို (မေတ္တာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)