ဟိုပန်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ အောင်စာရင်းထုတ်ပြန်ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ အောင်စာရင်းထုတ်ပြန်ကြေညာ



MNP -  ဧပြီ   ၂၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းတွင်းစစ် စာမေးပွဲများ၏ အောင်စာရင်းများကို ယနေ့ 

နံနက် (၆)နာရီ အချိန်က စတင်၍ ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းတွင်းစစ်စာမေးပွဲများ အောင်စာရင်းကို ဟိုပန်မြို့နယ် အတွင်းရှိ အထက(၃)ကျောင်း၊ အထက(ခွဲ) (၂)ကျောင်း၊ အလက(၁)ကျောင်း၊ မူလွန်(၈) ကျောင်း၊ အမက(၂၃)ကျောင်း၊ အမက(ခွဲ)(၃) ကျောင်းနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်း (၁)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၄၁)ကျောင်းများတွင် ထုတ်ပြန်ကြေညာထား ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

အဆိုပါ ကျောင်းတွင်းစစ်စာမေးပွဲအောင် စာရင်းများသည် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း သင်ကြားခဲ့သည့် သင်ရိုးသစ် KG တန်းမှ  Grade-10 တန်းအထိ အတန်းလိုက်အောင်စာရင်းများဖြစ်ပြီး ဟိုပန်မြို့နယ်ရှိ မိဘပြည်သူ၊ ကျောင်းသား/သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)