ဝေါမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ကျေးရွာများအရောက် တစ်အိမ်တက်ဆင်း လိုက်လံထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေါမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ကျေးရွာများအရောက် တစ်အိမ်တက်ဆင်း လိုက်လံထိုးနှံပေး

 


MNP - ဧပြီ   ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဧပြီလအတွင်း ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်ကဦးဆောင်ကာ ကာကွယ်ဆေးထိုးအထောက်အကူအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့မြို့နယ်အတွင်း ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် ဆေးထိုးအဖွဲ့(၂၀)ဖြင့် ကျေးရွာများအရောက် တစ်အိမ်တက်ဆင်းသွားရောက်ကာ ဆေးထိုးမှတ်တမ်းကတ်ပြားများစိစစ်ပြီး ဆေးထိုးရန်ကျန်ရှိနေသူများကို စည်းရုံးထိုးနှံပေးခြင်း၊ နေ့ခင်းဘက်တွင် လယ်ယာလုပ်ငန်းခွင်ဝင်ရောက်နေသူများအတွက် ညနေ(၅)နာရီမှ ည(၈)နာရီထိစောင့်၍ အိမ်တိုင်ရာရောက် သွားရောက် ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး၊ ဝေါမြို့နယ်အတွင်း ဈေးများတွင် ဈေးရောင်းချသူများ၊ ဈေးဝယ်သူများအား ဆေးထိုးကတ်ပြားများစိစစ်ပြီး ဆေးထိုးရန်ကျန်ရှိနေသူများကို ဆေးထိုးပေးခြင်း၊ ကျေးရွာများမှ မြို့ပေါ်သို့ လာရောက်သူများကို မြို့ဝင်မြို့ထွက်ဂိတ်များတွင် ရှောင်တခင်ဆေးထိုးပြီးကတ်ပြားများစိစစ်၍ ဆေးထိုးနှံပေးခြင်း၊ အသက်(၁၅)နှစ်မှ(၁၈)နှစ်အထက် သာသနာ့ ဝန်ထမ်း သံဃာတော်အရှင်သူမြတ်များ၊ သာသနာ့နွယ်ဝင်သီလရှင်များကိုလည်း ကျောင်းတိုက်များအရောက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ထိုးနှံပေးလျက်ရှိသည်။

ဝေါမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၈)အုပ်စု၊ ကျေးရွာခွဲ (၁၁၇) ရွာရှိ အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူ(၁၄၈၆၉၀)ဦးရှိရာ ဆေးထိုးပြီးသူ (၁၁၁၁၉၈)ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် (၇၄ဒသမ၇၈)ရာခိုင်နှုန်း ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။

သတင်း - စိုးမိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)