ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ အေရိုဗစ်သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ အေရိုဗစ်သင်တန်းဖွင့်လှစ်



MNP - ဧပြီ   ၂၉

နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်းသား/ကျောင်းသူများအနေဖြင့် အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး ကိုယ်ကာယကျန်းမာကြံ့ခိုင်သန်မာလာစေရေး ကိုယ်ကာယအားကစားလေ့ကျင့်ခန်း အားကစားပညာရပ်များအား သင်ကြားတတ်မြောက်စေရေးနှင့် ကျောင်းသား/ကျောင်းသူ အချင်းချင်း စုပေါင်းလုပ်ဆောင်တတ်သော အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရေးအတွက်ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ပူးပေါင်ဖွင့်လှစ် ဆောင်ရွက်သည့် အခြေခံအေရိုဗစ်သင်တန်းကို ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ဖွင့်လှစ်ကျင်းပသည်။

အဆိုပါ အခြေခံအေရိုဗစ်သင်တန်းကို ကြာအင်းဆိပ်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်ခိုင်ကျော့ကျော့ဝေမှ လေ့ကျင့်သင်ကြားပြသပေးလျက်ရှိပြီး အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူလေးများမှ စိတ်ဝင်တစား လာရောက်သင်ယူလေ့ကျင့်လျက်ရှိရာ ၎င်းသင်တန်းကို နံနက် ၉ နာရီမှ ၁၀နာရီခွဲအချိန်နှင့် ညနေပိုင်း ၃နာရီခွဲမှ ၅နာရီအချိန်အထိ တစ်ရက်လျှင် နှစ်ကြိမ်သင်ကြားပေးလျက် သင်တန်းအား သုံးရက်ကြာသင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မျိုးမင်းဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)