ပေါင်းတည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

 


MNP - ဧပြီ    ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ဒေသန္တရ စီမံကိန်းရည်မှန်းချက်များသည် သာမန်လုပ်ရိုး လုပ်စဉ်မဟုတ်ဘဲ မိမိတို့မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားလေးနက်သော လုပ်ငန်းအဖြစ် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် တာဝန် ပေးအပ်သော ပွဲဖြစ်ကြောင်း၊ မြို့နယ်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ပြည်သူလူထုဗဟိုပြုပြီး အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးမှု ရရှိစေရန် ရည်ရွယ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းကို နိုင်ငံတော်၏ မူဝါဒနှင့်အညီ ရှေ့လုပ်ငန်းစဉ် ၅ရပ်၊ ဦးတည်ချက် ၉ရပ်နှင့်အညီ မြို့နယ်၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ကဏ္ဍအလိုက် ဦးတည်ချက်၊ မျှော်မှန်းချက် ဦးစားပေး အစီအစဉ်များ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရည်မှန်းချက်များအရ ကဏ္ဍကြီးများ အလိုက် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးများကို တိုးတက်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအရ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် စုစုပေါင်းငွေ (၂၈၆၅.၆၉၇) သန်းဖြင့် လုပ်ငန်း ၆၁ခုကို အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဌာနများအနေဖြင့် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လစဉ်ပြီးစီးမှု အခြေအနေကို စီမံကိန်းဦးစီးဌာနသို့ ဆက်သွယ် ပေးပို့သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာန ဦးစီးမှူး ဦးရန်နိုင်မြင့်က ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ဌာနတာဝန်ခံများထံ စီမံကိန်းရည်မှန်းချက် တာဝန်များအား ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - အေးအေးဆင့်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)