MNP - ဧပြီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတတ်မြင့်မားရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ဘွဲ့ချင်ကျေးရွာအုပ်စု၊ မြောက်စုကျေးရွာနှင့် တောင်ပေါ်စုကျေးရွာ အုပ်စု၊ တောင်ပေါ်စုကျေးရွာ ဘုန်းကြီးကျောင်းတို့၌ ပြုလုပ်ခဲ့သည်။
အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မား ရေးနှင့် သက်ဆိုင်သည့် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက power point ဖြင့် ပညာပေးဆွေးနွေးခဲ့သည်။ ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာနက အသိပညာပေး လက်ကမ်းစာစောင်များကိုဖြန့်ဝေပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရစ္ဆာန်အစာအတွက် နေဗီယာ မြက်မျိုးပင်များအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူများက သိရှိလိုသည်များကို ပြန်လည်တင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - စန်းစန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment