ဟားခါးပညာရေးဒီဂရီကောလိပ် ၂၀၂၁−၂၀၂၂ ပညာသင်နှစ်၊ ပညာရေးဘွဲ့ (စာပေးစာယူ)၊ ပထမနှစ်သင်တန်း (၁ / ၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟားခါးပညာရေးဒီဂရီကောလိပ် ၂၀၂၁−၂၀၂၂ ပညာသင်နှစ်၊ ပညာရေးဘွဲ့ (စာပေးစာယူ)၊ ပထမနှစ်သင်တန်း (၁ / ၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်

 


MNP - ဧပြီ   ၂၃

ဟားခါးပညာရေးဒီဂရီကောလိပ်၏ ၂၀၂၁−၂၀၂၂ ပညာသင်နှစ်၊ ပညာရေးဘွဲ့ (စာပေးစာယူ)၊ ပထမနှစ် သင်တန်း (၁/၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဟားခါးဒီဂရီကောလိပ်၊ စားရိပ်သာဆောင်၌ ကျင်းပပြုလုပ်ရာ  ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။

ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ပညာရေးဟာ အဓိကအခန်းကဏ္ဍက ပါဝင်နေသည့်အတွက် အနာဂတ်လူငယ်တွေကို ပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေရဲ့ အခန်းကဏ္ဍက အလွန်အရေးပါကြောင်း၊ ဆရာ ဆိုတာ ပညာရေ:အဆင့် တစ်ခုခုတွင် သင်ကြားရေးတာဝန်ထမ်းဆောင်နေသော သတ်မှတ် အရည်အချင်းနှင့် ပြည့်စုံသည့် သင်ကြားပို့ချသူလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါကြောင်း၊ တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဉာဏ်ရှိပြီး ဗလငါးတန်နှင့် ပြည့်စုံတဲ့ နိုင်ငံ့သားကောင်းများ ပေါ်ထွက် လာရေးကို ဦးတည်လေ့ကျင့်ပေးရမှာကတော့ ဆရာ၊ ဆရာမ အားလုံး၏ တာဝန်ဖြစ်ပါကြောင်း၊ နိုင်ငံမှာ ပညာတတ်တွေများလာသည်အမျှ ဒီနိုင်ငံတော်ကြီးဟာ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်သည့်အတွက် လက်ရှိအစိုးရက ပညာရေးကို အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ပညာရေးဘွဲ့များကို အထက်မြန်မာနိုင်ငံအတွက် စစ်ကိုင်းပညာရေးတက္ကသိုလ်၊ အောက်မြန်မာ နိုင်ငံအတွက် ရန်ကုန်ပညာရေးတက္ကသိုလ် စသည့်ကျောင်း (၂) ကျောင်းတွင် သင်ကြား ပို့ချပေး ခဲ့ရာမှ ယခုအခါ ပညာရေ:ဒီဂရီကောလိပ် (၂၅) ကျောင်းမှာ သင်ကြားပို့ချနေပြီး ဖြစ်သည့်အတွက် ဆရာ၊ ဆရာမများအတွက် အခွင့်အလမ်း ပိုမိုပွင့်လန်းလာပြီဖြစ်ကြောင်း၊ သို့ဖြစ်၍ ချင်းပြည်နယ်ကို တိုးတက်ကောင်းမွန်အောင် အကျိုးပြုနိုင်သည့် လူတော်၊ လူကောင်းများ မွေးထုတ်ပေးနိုင်မည်ဟု ယုံကြည် မျှော်လင့်ပါကြောင်းနှင့် အခက်အခဲများကြားကနေ တက်ရောက်ရသည့် သင်တန်းဖြစ်သည့် အတွက် သင်တန်းကာလအတွင်း အတတ်နိုင်ဆုံး ကြိုးစားအားထုတ်သင်ကြားစေလိုကြောင်းနှင့် ပြည်နယ်ကောင်းကျိုးပြု နိုင်မည့် ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးနိုင်ရေး ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစားအားထုတ် ကြရန်လိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက အမှာစကားပြောကြားပြီး ဟားခါး ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်မိညိုညိုရှိန်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြော ကြားကာ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ သင်ကြားရေးဆရာ၊ ဆရာမများနှင့် တစ်ဦးချင်း မိတ်ဆက်ကြသည်။

အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်က ဟားခါးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ သင်ကြားရေးဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဟားခါးမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ (၃၀) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီ ၂၀ ရက်မှ မေလ ၁၈ ရက်နေ့အထိ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)