MNP - ဧပြီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် (အပတ်စဉ်စနေနေ့)တိုင်း စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ ရုံးများနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေးပြုလုပ်ခြင်း၊ လမ်းဘေးဝဲယာ သစ်ပင်ပန်းပင်များ စိုက်ပျိုးခြင်း၊ လမ်းနှင့်မလွတ်ကင်းသည့် သစ်ကိုင်းသစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ လမ်းဘေးသစ်ပင်များအား ထုံးသုတ်ခြင်းတို့ကို အပတ်စဉ် စနေနေ့တိုင်း ရပ်ကွက်အတွင်းရှိ လမ်းများတွင် အလှည့်ကျ ဆောင်ရွက်သွားရေးကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သတင်း - ထွန်းထွန်းဇော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment