ရွှေကူမြို့အတွင်းသို့ ဝင်ရောက်လာသော ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီး မပြီး စစ်ဆေး၍ ကာကွယ်ဆေးထိုးပေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကူမြို့အတွင်းသို့ ဝင်ရောက်လာသော ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီး မပြီး စစ်ဆေး၍ ကာကွယ်ဆေးထိုးပေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်



MNP - ဧပြီ    ၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းသို့ ဝင်ရောက်လာသောပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီး မပြီး စစ်ဆေး၍ ကာကွယ်ဆေးမထိုးရသေးသော ပြည်သူများအား ကာကွယ်ဆေးထိုးပေးခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်သို့ဝင်ရောက်လာသော အောက်လေးလမ်းဆုံ စစ်ဆေးရေးဂိတ်နေရာ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ ကော်မတီအဖွဲ့ဝင် ဗိုလ်မှူး ကျော်မိုးသွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ ခမရ(၁၁) ဗိုလ်ကြီး ငြိမ်းချမ်းအောင်နှင့် တပ်မတော်ဆေးတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေကူမြို့နယ်အတွင်းသို့ အောက်လေးလမ်းဆုံ စစ်ဆေးရေးဂိတ်မှတစ်ဆင့် ဝင်ရောက်လာသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီး မပြီး စစ်ဆေးခြင်း၊ ကာကွယ်ဆေးမထိုးရသေးသူများအား စနစ်တကျ မှတ်တမ်းယူ၍ ကာကွယ်ဆေးထိုးပေးခြင်းများနှင့် ရောဂါအခံရှိသူများ(သို့မဟုတ်) ကာကွယ်ဆေး မထိုးထားသူများအနေဖြင့် ရောဂါလက္ခဏာများကို ပိုမိုပြင်းထန်စွာ ခံစားရခြင်း၊ ရောဂါပိုးကူးစက်ခံရနိုင်သည့် အန္တရာယ်ပိုမိုမြင့်မားစေနိုင်ကြောင်း၊ ကာကွယ်ဆေးထိုးထားခြင်းအားဖြင့် ရောဂါလက္ခဏာများကို ခံနိုင်ရည်ရှိပြီး ကာကွယ်နိုင်ခြင်းနှင့် ရောဂါကြောင့် သေဆုံးမှုနှုန်း လျော့ကျစေနိုင်ကြောင်း စသည့် အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ရွှေကူမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်သူ (၅၉၂၁၄)ဦးအနက် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့အထိ ကာကွယ်ဆေးအကြိမ် အပြည့်အဝထိုးနှံပြီးသူ (၂၁၅၁၈)ဦး၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၂၇၇၉၈)ဦး၊ Booster Dose ထိုးနှံပြီးသူ (၉၇၂)ဦးတို့အား ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်၍ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)