ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်း သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်း သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်



MNP ၊ ဧပြီ ၂၆

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ဧပြီ ၂၆ ရက်နေ့ နံနက် (၁၁)အချိန်တွင် ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ နွယ်သာကီလမ်းရှိ သူနာပြုသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး သင်တန်းခန်းမတွင် ဟင်္သာတခရိုင်အခြေစိုက် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်းအမှတ်စဉ်(၄/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်မှ သင်တန်းဆင်း အဖွင့်အမှာစကား ပြောကြားခဲ့ရာ “ယနေ့သင်တန်းဆင်း သူနာပြုများအနေဖြင့် နိုင်ငံနှင့်လူမျိုးအတွက် အားထားရသော မောင်မယ်များအဖြစ် ကြိုးစားကြစေလိုကြောင်း၊ သင်ယူတတ်မြောက်ခဲ့သော ဆေးဝါးအတတ်ပညာနှင့် ကျန်းမာရေးအသိမြင်များကို မိမိတို့ကျရာ ဒေသအသီးသီးရှိ မိဘပြည်သူများအား စေတနာဝါသနာအပြည့်ဖြင့် ပြန်လည်အကျိုးပြု စေလိုကြောင်း၊ မိမိတို့ဘဝတက်လမ်းများကိုလည်း လုပ်ငန်းခွင်အတွင်းမှ ထပ်မံကျိုးစားကြစေလိုကြောင်း၊ ယနေ့သင်တန်းဆင်းပွဲမှ မောင်မယ်များအားလုံးကို နိုင်ငံတော်ကိုယ်စား၊ ကျန်းမာရေးဝန်ကြီးဌာနကိုယ်စား၊ မိဘပြည်သူများအားလုံးကိုယ်စား အထူးဝမ်းမြောက် ဂုဏ်ယူပါကြောင်း” ပြောကြားခဲ့ပြီးနောက် သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ခြင်း၊ ထူးချွန်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခြင်း၊ ထောက်ပံ့ငွေနှင့် အလှူငွေများပေးအပ်ခဲ့ပြီး သင်တန်းဆင်းမောင်မယ်များနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခြင်းတို့ ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ဝေဝေလွင်နှင့် သင်တန်းသား/သူ (၄၂)ဦး တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းအား ၂၅-၁၀-၂၀၂၁ ရက်နေ့မှ ၂၆-၄-၂၀၂၂ ရက်နေ့ထိ သင်တန်းသား (၁၂)ဦး၊ သင်တန်းသူ (၃၀)ဦး၊ ပေါင်း (၄၂)ဦးတို့အား သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ဝေဝေလွင် ဦးဆောင်သော ဆရာ ဆရာမများက သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ကိုဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)