အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော် မတီ လုပ် ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော် မတီ လုပ် ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



MNP -  ဧပြီ   ၂၃

ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန် နေ့ ညနေပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ကျင်းပခဲ့ရာကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး၊ မဲစာရင်းများ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်ရေး သွင်းနိုင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီး ဌာနမှထုတ်ပေးထားသော နိုင်(၄)ပုံစံများ အားဖြည့်သွင်းနိုင်ရေး လုပ်ငန်းများဆွေးနွေးခဲ့ပါသည်။

အမ်းမြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဌေးအောင် က   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုနှင့်ပတ်သက် ၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ်၊ ဧပြီ လကုန်တွင် ကိုဗစ်-၁၉ ရော ဂါ ကြိုတင်ကာကွယ်ဆေး ရာနှုန်း ပြည့် ထိုးနှံပြီးစီးရေး ဆောင်ရွက်ရန် ညွှန်ကြားထားပါကြောင်း၊ မိမိတို့ မြို့နယ်အတွင်း

၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး ဆေးထိုးနှံရေးလုပ်ငန်းများကို စီမံချက်များရေးဆွဲကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမ်းမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက်ဆေး ထိုးရန်အကျုံးဝင် ဦးရေ(၈၂၃၀၆) ဦးရှိပြီးကာကွယ် ဆေးထိုးနှံပြီးသူရေ(၇၁၂၅၄) ဦးရှိပါကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ဦးရေမှာ (၁၁၀၅၂) ဦးရှိပါကြောင်း၊ လျာထားအင်အားပြည့်မီရေးအတွက် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး  ကော်မတီအဖွဲ့ဝင်များ ဧပြီလအကုန်တွင် ရာနှုန်း ပြည့်ထိုးနှံ ပြီးစီးနိုင်ရေးအတွက် စည်းရုံးဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံထားခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်သည့်အပြင် ရောဂါကူးစက် လာပါကလည်း ခံနိုင်ရည်ရှိနိုင်ကြောင်း ကို ပြည်သူများသိရှိရန်  ကျယ်ကျယ် ပြန့်ပြန့် ဆော်ဩသွားရန်လိုကြောင်း နှင့်ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံ နိုင်ရေး အကြံပြုဆွေးနွေးပေးကြရန် ပြောကြားခဲ့ရာ တက်ရောက်လာသူ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေး ရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက မြေပြင်အခြေအနေများအား တင်ပြခဲ့ရာအမ်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအောင်ကျော်မိုးက မြို့နယ်အတွင်း ကာကွယ်ဆေး ထိုးနှံမှုအခြေ အနေ၊ ကာကွယ် ဆေးရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်းနှင့်ဆက်လက် ဆောင်ရွက်မည့် အခြေ အနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက် လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြမှုအား မြို့နယ် ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ က ဖြည့်စွက်ဆွေးနွေးပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း - စိုးမင်းထွန်း

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)