နောင်တရားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်တရားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ



MNP - ဧပြီ   ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်း ပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအတွက် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင်ကျင်းပသည်။

စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၂၀)ဦးက စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသည်။ လူငယ်ဘက်စုံံဖွံ့ဖြိုးရေး အစီအစဉ်အဖြင့် နွေရာသီကျောင်းပိတ်ရက်များအတွင်း အခြေခံပန်းချီပညာသင်တန်းကို လူထုအခြေပြုဗဟိုဌာန၌ (၃) ရက်ကြာ သင်ကြားပို့ချပေးခဲ့သည်။ မိမိစိတ်ကူးစိတ်သန်းများကို ထုတ်ဖော်ခွင့်ရရှိရန်အတွက် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ကျင်းပဆောင်ရွက်ခဲ့ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု နှစ်ဆု  ပေးအပ်ချီးမြင့်ခဲ့သည်။ ဆုပေးပွဲအခမ်းအနားတွင် နောင်တရားမြို့နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ခင်မောင်မြင့်က အမှာစကားပြောကြပြီး ပထမဆုရရှိသူကျောင်သူတစ်ဦးကို စခန်းမှူးမှ လည်းကောင်း၊ ဒုတိယဆုနှင့်  တတိယဆုရရှိသူများကို ပြန်ကြားရေနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနာမှ ဦးစီးမှူးမှလည်းကောင်း၊ နှစ်သိမ့်ဆု နှစ်ဆုရရှိသူများကို သင်တန်းနည်းပြဆရာ ဦးခွန်မောင်သောင်းမှလည်းကောင်း အသီးသီးဆုများချီးမြင့်ခဲ့ကြောင်း သိရသည်။

သတင်း - ခွန်အောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)