၁၃၈၄ ခု(၂၀၂၂ ခုနှစ်)၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာပေးပွဲ ကျင်းပပြုလုပ်နိုင်ရေး အစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၁၃၈၄ ခု(၂၀၂၂ ခုနှစ်)၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာပေးပွဲ ကျင်းပပြုလုပ်နိုင်ရေး အစည်းအဝေးပြုလုပ်



MNP - ဧပြီ   ၂၃

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပသည့် ၁၃၈၄ခုနှစ် (၂၀၂၂) ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲတော်ကြီး ကျင်းပပြုလုပ်နိုင်ရေးအတွက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီက သာသနာ့ဝိပုလ ရွှေဂူစာသင်တိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ကြပြီး သာသနာ့ဝိပုလ ရွှေဂူစာသင်တိုက် ဆရာတော် ဘဒ္ဒန္တတိလောကဉာဏ၊ လှိုင်ကြူပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒကတို့မှ ဩဝါဒမြွက်ကြားတော်မူကြပြီး အစည်းအဝေးတက်ရောက်လာသူများမှ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ၊ စာမေးပွဲဆိုင်ရာကိစ္စရပ်များနှင့် ယခင်နှစ်စာမေးပွဲ အောင်မြင်တော်မူကြသည့် သံဃာတော်အရှင်မြတ်များအား အောင်ဆုဆက်ကပ်နိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းလျှောက်ထားခဲ့ကြပြီး အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို ၁၃၈၄ ခု၊ ကဆုန်လဆန်း (၁) ရက် (၃၀.၄.၂၀၂၂) ရက်နေ့မှ ကဆုန်လဆန်း (၁၀) ရက် (၉.၅.၂၀၂၂) ရက်နေ့အထိ လည်းကောင်း၊ ပါဠိပထမပြန် စာမေးပွဲကို ၁၃၈၄ ခု၊ ကဆုန်လဆန်း (၈) ရက် (၇.၅.၂၀၂၂) ရက်နေ့မှ ကဆုန်လဆန်း (၁၄) ရက် (၁၃.၅.၂၀၂၂) ရက်နေ့အထိလည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ စာမေးပွဲသို့ ဓမ္မာစရိယတန်း (၈၃) ပါး၊ ပထမကြီးတန်း (၃၈) ပါး၊ ပထမလတ်တန်း (၅၆) ပါး၊ ပထမငယ်တန်း (၁၁၉) ပါး၊ အခြေပြုမူလတန်း (၁၈၁) ပါး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်း ထားကြောင်း သိရသည်။

သတင်း - စိုင်းအယ်ဘဲ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)