(၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် ဟင်္သာတခရိုင်တွင် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် ဟင်္သာတခရိုင်တွင် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲကျင်းပ



MNP - ဧပြီ    ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် ဟင်္သာတခရိုင်အတွင်း ဒေသန္တရစီမံကိန်းများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လယ်ယာကဏ္ဍအတွက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးမင်းလွင်ဦးထံသို့ လည်ကောင်း၊ ဆောက်လုပ်ရေး ကဏ္ဍအတွက် ခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးလှဌေးထံသို့ လည်းကောင်း၊ တက်ရောက်လာကြသော ဟင်္သာတ၊ ဇလွန်၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာမြို့နယ်တို့မှ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌများထံသို့ လည်းကောင်း တာဝန်ပေးလွဲပြောင်း ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ခရိုင်အတွင်း (၆)မြို့နယ်တို့မှ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - ကိုဇော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)