မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလားခရိုင်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယ အလှမယ်ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလားခရိုင်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယ အလှမယ်ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

MNP -  ဧပြီ   ၂၆

၂၀၂၂ခုနှစ် မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလားခရိုင်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယ အလှမယ်ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစား အဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့အနေဖြင့် အမျိုးသမီးအားကစား ဆပ်ကော်မတီများ၊ ဝန်ထမ်းများအပါအဝင် ပြည်သူတစ်ရပ်လုံး ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်သည့် အလေ့အကျင့်များရရှိပြီး ကျန်းမာကြံ့ခိုင် သန်စွမ်းသော ဝန်ထမ်းမိသားစုများ၊ အမျိုးသမီးများ ဖြစ်လာပြီး နိုင်ငံ့အကျိုး ပိုမိုထမ်းဆောင်နိုင်စေရန်နှင့် အမျိုးသမီးထုအကြား အားကစား လှုပ်ရှားမှု ပိုမိုကျယ်ပြန့်လာစေရန် ရည်ရွယ်၍ အမျိုးသမီး အားကစားပြိုင်ပွဲများအား ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခုအခါ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အမျိုးသမီး အားကစားအဖွဲ့တို့၏ လမ်းညွှန်ပံ့ပိုးမှုဖြင့်  ကျန်းမာကြံ့ခိုင်သော မြန်မာအမျိူးသမီးလေးများ ဖြစ်လာစေရန်နှင့် ကာယဗလ လေ့ကျင့်ခန်းများကို လေ့ကျင့်ပေးခြင်းအားဖြင့် ရှိရင်းစွဲ ပင်ကိုယ် ကာယအလှကို လှပစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ အလှမယ်ပြိုင်ပွဲအား ကျင်းပ သွားမည်ဖြစ်ရာ တာဝန်ရှိသူ အားလုံး ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက် သွားစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ၂၀၂၂ခုနှစ် တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ အလှမယ်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ဖြည့်စွက် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် အစည်းအဝေးကို တက်ရောက်လာကြသည့် တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ အဖွဲ့ဝင်များက တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား ခရိုင်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယအလှမယ်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

အဆိုပါ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား ခရိုင်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယအလှမယ် ပြိုင်ပွဲကို မကွေးမြို့ မြို့တော်ခန်းမတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၅)ခုမှ အမျိုးသမီးကိုယ်ကာယ အလှမယ်(၁၆)ဦးဖြင့် မေလ(၂၁)ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။     

သတင်း - ကိုစည်သူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)