မင်းဘူးခရိုင် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးခရိုင် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ





MNP - ဧပြီ   ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနရုံးက ဖွင့်လှစ်သည့် လူသုံး ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က အဆိုပါ ဦးစီးဌာနရုံး၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က သင်တန်းဆင်း အမှာ စကားပြောကြားရာ သင်တန်းသား/သင်တန်းသူများအနေဖြင့် ယခုဖွင့်လှစ်ပေးခဲ့သော လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းကို စိတ်ပါဝင်စားစွာဖြင့် သင်တန်းကာလ ပြီးဆုံးသည်အထိ တက်ရောက်ခဲ့သည့်အတွက် အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းတွင်ထုတ်လုပ်ခဲ့သော ထုတ်ကုန် အမျိုးအစားများကို ကြည့်မည်ဆိုပါက သင်တန်းသားများအနေဖြင့် စနစ်တကျသင်ကြားပြီး ထုတ်ပိုးမှု ဆန်းသစ်သည့်ပုံစံများဖြင့် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည့်အတွက် ကျေနပ်အားရမှုရှိပါကြောင်း၊ မိမိတို့နယ်ပယ်အသီးသီးသို့ ပြန်ရောက်သည့်အခါ အိမ်တွင်းလက်မှု ထုတ်ကုန်များကို ယခုထက် တန်ဖိုးမြှင့် အရည်အသွေးကောင်း ထုတ်ကုန်များရရှိအောင် ကြိုးစား ဆောင်ရွက်ပြီး တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချကာ ဈေးကွက်ရရှိအောင် ဆောင်ရွက်ကြစေ လိုကြောင်း၊ ယခုလို ထုတ်လုပ်ရောင်းချနိုင်မှသာ မိသားစုစီးပွားရေးအတွက် တစ်ဖက်တစ်လှန်းမှ အထောက်အကူဖြစ်စေမှာ ဖြစ်ကြောင်း၊ အသေးစားစက်လက်မှု ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်ရာတွင် ငွေကြေးအခက်ခဲရှိပါက အတိုးသက်သာသောနှုန်းထားဖြင့် သက်ဆိုင်ရာဌာနများမှ လုပ်ငန်းချေးငွေရရှိ အောင် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးနိုင်ထူးမှ လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် တက်ရောက်ခဲ့ကြသော သင်တန်းသားများအား လမ်းညွှန်အမှာ စကားပြေားကြားပြီး အခမဲ့သင်တန်း ဖွင့်လှစ်ပေးခဲ့မှုအပေါ် သင်တန်းသူတစ်ဦးက ကျေးဇူတင်းစကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် စီးပွားရေးရာဝန်ကြီးမှ သင်တန်သားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးမှ သင်တန်းသားများအတွက် ကုန်ချော ပစ္စည်းများကို လက်ဆောင်ပေးအပ်ခဲ့သည်။

သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင် အသေးစားစက်မှုလုပ်ငန်း ဦးစီး ဌာနရုံးက ကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် မင်းဘူး(စကု) မြို့နယ် အတွင်းမှ သင်တန်းသား (၂၀)ဦး တက်ရောက်ခဲ့ပြီး ဧပြီ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ (၅)ရက်ကြာ စာတွေ့လက်တွေ့ဖြင့် အခမဲ့ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါသင်တန်းတွင် ကုန်ချောအဖြစ် ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ မျက်နှာသစ် ဆပ်ပြာ၊ အဆီကျ ဆပ်ပြာ၊ ဆန်ဆပ်ပြာ၊ ရေချိုး ဆပ်ပြာနှင့် ဆီအခြေခံ (သဘာဝနှင့်ဓါတု)ဆပ်ပြာအမျိုးမျိုး၊ သဘာဝ ခေါင်းလျှော်ရည်၊ Scrub အမျိုးမျိုး၊ Shampoo၊ ဆံသားအား ဖြည့်ပေါင်းဆီ၊ Hand Wash ၊ Hand Gel ၊ Hand Spary စသည့် ကုန်ချော ပစ္စည်း အမျိုးပေါင်း (၂၃)မျိုးကို ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

သတင်း - မောင်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)