ကံမမြို့နယ်၌ နွေရာသီ အခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကံမမြို့နယ်၌ နွေရာသီ အခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းပွဲ ကျင်းပ



MNP - ဧပြီ   ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့် နွေရာသီအခြေခံအင်္ဂလိပ်စာ သင်တန်းကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ၌ ဖွင့်လှစ်သင်ကြားလျက် ရှိရာ ယနေ့နေ့လယ် ၁ နာရီက သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းအား နွေရာသီကျောင်း အားလပ်ရက်ကာလ၌ လူငယ်များ စာပေနှင့် ပတ်သက်၍ အဆက်မပြတ်စေရန်နှင့် အခြေခံအင်္ဂလိပ်စာအား ပိုင်နိုင်ကျွမ်းကျင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သင်တန်းကာလမှာ (၁၀)ရက် ကြာမြင့်ခဲ့ပြီး  အင်္ဂလိပ်စာ သဒ္ဒါပိုင်းနှင့် အသံထွက်ပိုင်းတို့အား အဓိကထား သင်ကြားပို့ချပေးခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆင့်ထံမှ သိရသည်။

သတင်း - ကျော်ဇေယျဝင်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)