MNP - ဧပြီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေး နည်းပညာသင်တန်းပေး ဆွေးနွေးပွဲများကို ဆက်လက် ဆောင်ရွက်ခဲ့ရာ ယမန်နေ့က ချောင်းကျိုးကျေးရွာနှင့် ချောင်းဖြောင့်ကျေးရွာသို့ ကွင်းဆင်းခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦးက ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသတွင်းစားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်းအား ထည့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသနှင့် ကိုက်ညီသည့် အခြားစိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက် ပိုမိုစိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ အခြားဌာနဆိုင်ရာများကလည်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးပြောကြားသည်။ ထို့နောက်ဒေသခံတောင်သူများမှ သိရှိလိုသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးခင်မောင်ဝင်းနှင့် ဝန်ထမ်းများက ဒေသခံပြည်သူများအား ကိုယ်တိုင်ပြုလုပ်နိုင်သည့် ဆပ်ပြာချက်လုပ်နည်းကို နည်းပညာပေး သင်ကြားပေးခဲ့ကြောင်း သိရသည်။
သတင်း - သန်းထွန်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment