တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်










MNP ၊  ဧပြီ ၆ 

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အသက် (၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။ 

ရှေးဦးစွာဗိုလ်လုပွဲသို့ တက်ရောက်လာသည့်ထားဝယ်ခရိုင်(က)အသင်းနှင့်ကော့သောင်းခရိုင်အသင်းတို့၏ယှဉ်ပြိုင်ကစား နေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများနှင့်အားကစား ဝါသနာရှင်များကကြည့်ရှုအားပေးရာနှစ်ဖက်အသင်း(၂)ဂိုး(၂)ဂိုးဖြင့် သရေရရှိပြီးပယ်နယ်တီအဆုံးအဖြတ်ဖြင့် ကော့သောင်း ခရိုင် အသင်း က အနိုင်ရရှိသည်။

ထို့နောက်ဆုချီးမြှင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဥပဒေချုပ်က ပွဲစဉ်တစ်လျှောက် အကူအညီပေး သောကြက်ခြေတပ်ဖွဲ့အားဂုဏ်ပြုဆုငွေချီးမြှင့်ပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ က (ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးအကောင်းဆုံးနှင့်ပွဲစဉ်တစ်လျှောက် အကောင်းဆုံး)အားကစားသမားဆုရရှိသူများအားဆုချီးမြှင့်၍ပထမဆုနှင့်ဒုတိယဆုရရှိသော အသင်းများအားတစ်ဦးချင်းဆု နှင့်ငွေသားဆုချီးမြှင့်သည်။

ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို က ပထမဆုရရှိသော ကော့သောင်းခရိုင် အသင်းအား တံခွန်စိုက် ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်း ရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)