ကြို့ပင်ကောက်မြို့ ကျောင်းကုန်းကျေးရွာ စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြို့ပင်ကောက်မြို့ ကျောင်းကုန်းကျေးရွာ စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုဖြစ်ပွား




MNP - ဧပြီ   ၂၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ဘွက်ရိုးကျေးရွာအုပ်စု ကျောင်းကုန်းကျေးရွာအရှေ့ထိပ်ရှိ Golden Max စက်သုံးဆီအရောင်းဆိုင်တွင် ယမန်နေ့ညနေ ၅ နာရီအချိန်ခန့်က ဆီပေပါအတွင်းမှ ဆီကျန်အား ဂါလံခွက်အတွင်းသို့ထည့်ရာမှ ပွတ်တိုက်မှုဖြစ်ပွားပြီး မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းနိုင်နှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီးတို့ဖြင့် အမြုပ်ဆေးရည် ၁၅ ဂါလံအသုံးပြု၍ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးလောင်ကျွမ်းမှုကြောင့် ဒီဇယ်ရိုးရိုး(၁၅)ဂါလံ၊ ဓါတ်ဆီ-92 (၁၀)ဂါလံ ဆီပန့်နှစ်လုံးတို့မီးလောင်ဆုံးရှုံးခဲ့ရာ ဆုံးရှုံးမှုတန်ဘိုး (၂၅၇၅၀၀)ကျပ်ခန့် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း လူနှင့်တိရိစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

သတင်း - ဇေယျာထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)