MNP - ဧပြီ ၂၆
"ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် အတွင်းရှိ "ဝ" တိုင်းရင်းသားများအနေဖြင့် မိခင်ဘာသာ "ဝ"စာပေကိုချစ်မြတ်နိုးစေပြီး စာပေတတ်မြောက်စေရန်နှင့် မိခင် ဘာသာစာပေဖွံ့ဖြိုးတိုးတက်စေရန်တို့ကို ရည်ရွယ်၍ (၁၇)ကြိမ်မြောက် "ဝ"ဘာသာ စာပေတတ်မြောက်ရေးသင်တန်းကို ယနေ့နံနက် ၉ နာရီက ကောင်းဟုန်းရပ်ကွက်ရှိ "ဝ"နှစ်ချင်းခရစ်ယာန်အသင်းတော်ကျောင်း၌ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် "ဝ"တိုင်းရင်းသား ဆရာ၊ ဆရာမ(၆)ဉီးမှ "ဝ"ဘာသာစကား၊ "ဝ"စာပေများကို တစ်လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ဟိုပန် မြို့နယ်အတွင်းရှိ "ဝ"တိုင်းရင်းသား သင်တန်းသူ၊ သင်တန်းသား (၁၂၀) ဦးတို့မှ စိတ်ပါဝင်စားစွာ တက်ရောက်သင်ကြားလျက်ရှိကြောင်း ဟိုပန်၊ "ဝ" နှစ်ချင်းခရစ်ယာန်အသင်းတော်မှ သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment