သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များ ကြဲပက်စိုက်ပျိုးခြင်းဖြင့် တောင်သူများ၏ လယ်ယာမြေများ မြေဆီမြေဩဇာနှင့် သီးနှံများ အထွက်နှုန်းများ တိုးတက်လာမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များ ကြဲပက်စိုက်ပျိုးခြင်းဖြင့် တောင်သူများ၏ လယ်ယာမြေများ မြေဆီမြေဩဇာနှင့် သီးနှံများ အထွက်နှုန်းများ တိုးတက်လာမည်



MNP - ဧပြီ   ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် စိုက်ပျိူးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကြဲပက် စိုက်ပျိူးပွဲကို ယနေ့နံနက်ပိုင်းက ကွင်းယားအရှေကျေးရွာအုပ်စု ဧက ၁၀၀ စံပြကွက်ရှိ တောင်သူ ဒေါ်သီတာ၏ ကွင်းအမှတ်(၁၈၆ - C )၊ ဦးပိုင်အမှတ် (၂၀/၂) လယ်ဧက ၈ ဧကတွင် ကြဲပက်စိုက်ပျိုးခဲ့သည်။

သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက တောင်သူဒေါ်သီတာ၏ လယ်ဧက ၈ ဧကသို့ ကြဲပက်စိုက်ပျိုးပေးခဲ့ပြီး စိုက်ပျိုးပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကြည်မိုးနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

ကန်ကြီးထောင့်မြို့နယ်၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ဧက ၁၀၀၀  စိုက်ပျိုးကြဲပက်ရန် လျာထားပြီး ယခုလက်ရှိအချိန်တွင် ဧက ၂၀၀ ကြဲပက်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှသိရသည်။ ဆက်လက်၍ကျန်ရှိသည့် လယ်ဧကများကိုလည်း မိုးကြိုရာသီ အမီကြဲပက်စိုက်ပျိုးသွားမည်ဖြစ်ကာ သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်းကြောင့် လယ်ယာမြေများ မြေဆီမြေဩဇာ ဖွံ့ဖြိုးတိုးတက်၍ သီးနှံအထွက်နှုန်းများ တိုးတက် လာမည်ဖြစ်သည့်အပြင် တောင်သူများအနေဖြင့်လည်း မိမိတို့၏ လယ်ယာမြေတွင် သဘာဝ သစ်စိမ်းမြေဩဇာများ ထည့်သွင်းခြင်းကြောင့် မြေဆီအာဟာရ တိုးတက်ခြင်း အကျိုး ကျေးဇူးများကို ရရှိစေနိုင်မည့်ဖြစ်ပြီး ဓာတ်မြေဩဇာသုံးစွဲမှုကို လည်းလျော့ချ ပေးနိုင်မည်ဖြစ်သည်။

သတင်း - လှမင်းထွဋ်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)